top of page

ရှေးဦးမေတ္တာသို့ ပြန်လှည့်ခြင်း ( Day Two)

နေ့ရက် (၂) - မေတ္တာ၏ မြစ်ဖျားခံရာကို ပြန်ကြည့်ခြင်း

  • ကျမ်းစာ: ၁ ယောဟန် ၄:၁၉


  • အကျယ်တဝင့် ဆင်ခြင်ခြင်း:

    ကျွန်ုပ်တို့၏ မေတ္တာသည် အားထုတ်မှုအပေါ် မမူတည်ဘဲ ဘုရားသခင်၏ ကျေးဇူးတော်အပေါ်တွင်သာ မူတည်ပါသည်။ ကျွန်ုပ်တို့ အပြစ်သားဖြစ်နေစဉ်ကပင် ကိုယ်တော်သည် အရင်ဆုံး ချစ်ခဲ့သည်။ ထိုမေတ္တာကို ပြန်လည်ခံစားမိမှသာ ကိုယ်တော့်ကို ပြန်လည်ချစ်ရန် ခွန်အားရရှိပါလိမ့်မည်။ မိမိ၏ ကြိုးစားအားထုတ်မှုဖြင့် ဘုရားကိုချစ်ရန် မကြိုးစားပါနှင့်၊ ကိုယ်တော် သင့်ကို မည်မျှချစ်သည်ကို အရင်ပြန်တွေးပါ။


  • လက်တွေ့ကျင့်သုံးခြင်း: 

    သင် နောင်တရပြီး ဘုရားသခင်ထံ ပထမဆုံး လာခဲ့စဉ်က ခံစားရသည့် လွတ်မြောက်ခြင်းနှင့် ငြိမ်သက်ခြင်းကို ပြန်လည်အောက်မေ့ပါ။


  • ဆုတောင်းခြင်း: 

    အဖဘုရား၊ ကျွန်ုပ်၏ အချစ်သည် ခမ်းခြောက်နိုင်သော်လည်း ကိုယ်တော့်မေတ္တာသည် အမြဲလတ်ဆတ်နေသည့်အတွက် ကျေးဇူးတင်ပါသည်။


 
 
 

Comments


bottom of page