top of page

IMMANUEL 

Myanmar Church
Myanmar Church

ကျွန်ပ်တို့ဘာကိုယုံကြည်သလဲ။

Preamble

ကျွန်ုပ်တို့ ဧမာနွေလ မြန်မာ အသင်းတော် (Immanuel Myanmar Church | Chicagoland, Illinois) သည် မြန်မာနိုင်ငံမှ လာရောက်နေထိုင်ကြသော ခရစ်ယာန်များနှင့် မိသားစုများ စုပေါင်း၍ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် ရည်ရွယ်ထားသော အသင်းတော်ဖြစ်ပါသည်။

 

ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် သမ္မာကျမ်းစာ (Bible) ကို အမြင့်ဆုံးအာဏာအဖြစ် လက်ခံကာ၊ ယေရှုခရစ်တော်ဘုရားသည် ဘုရားသခင်၏ သားတော်ဖြစ်ပြီး၊ ကျွန်ုပ်တို့၏ အပြစ်များအတွက် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံတော်မူ၍ သဂြိုလ်ခြင်းခံရပြီးနောက် ၃ ရက်မြောက်နေ့တွင် ရှင်ပြန်ထမြောက်တော်မူခဲ့သည်ဟု ခိုင်မာစွာ ယုံကြည်ပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ဖြင့် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိနိုင်ကြောင်း ကျွန်ုပ်တို့ ဟောပြောပါသည်။

 

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ အဆုံးမဲ့ချစ်ခြင်းမေတ္တာကို ကြေညာရန်နှင့် ယေရှုခရစ်တော်အားဖြင့် ရရှိနိုင်သော ကြီးမြတ်သော ကယ်တင်ခြင်းကို လူတိုင်းနှင့် မျှဝေရန်ဖြစ်ပါသည်။ ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်းဖြင့် စည်းလုံးညီညွတ်စွာ အတူတကွ လှုပ်ရှားကြပါသည်။

 

ဤယုံကြည်ခံယူချက်များကို သမ္မာကျမ်းစာအပေါ် အခြေခံ၍ ရေးသားထားပြီး၊ ကျွန်ုပ်တို့ အသင်းတော်ဝင်များ စည်းလုံးညီညွတ်စွာ လက်ခံကျင့်သုံးကာ၊ ခရစ်တော်ဘုရား၏ ကျေးဇူးတော်ဖြင့် ဧဝံဂေလိသတင်းကောင်းကို ဆက်လက်ဟောပြောလျက် ဘုရားသခင်၏ ဘုန်းတော်ကို ချီမွမ်းကိုးကွယ်ရန် ရည်ရွယ်ပါသည်။

Jesus die on the cross.jpg
Holy Bible.jpg
IMG_4291.jpeg

ယုံကြည်ခံယူချက်များ

(၁) သမ္မာကျမ်းစာ (၆၆)အုပ်သည် ဘုရားသခင်၏ဝိညာဉ်တော် အားဖြင့်မှုတ် သွင်းတော်မူ၍ သန့်ရှင်းသောနှုတ်ကပတ်တော် ဖြစ်သည်။အမှု့အရာခပ် သိမ်း တို့တွင် စီရင်ပိုင်ခွင့်အာဏာ အရှိ ဆုံးဖြစ်သည်။(၂တိ ၃း၁၆၊ ၂ပေ၊ ၁း၂၀-၂၁)

(၂) ဘုရားသခင်တစ်ဆူတည်းရှိသည်ဟု ကျွန်ပ်တို့ယုံကြည်ပြီး ပုဂ္ဂိုလ်သုံးဦးဖြင့်တည်ရှိ သည်။ (၁) ခမည်းတော် (၂) သားတော် (၃) သန့်ရှင်းသောဝိညာဉ်တော်တို့ဖြစ်သည်။ ( (Deuter 6:4; John 10:30; Gen 1:26; 1Tim 2:5; Mat 3:16-17; 2Cor 13:14).

(၃) သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားဖြစ်သည်ဟု ယုံကြည်သည်။ ( တ၊ ၅း၃-၄)

(၄) ယေရှုခရစ်သည် အပျိုကညာမှမွေးဖွားခြင်းကို ကျွန်ုပ်တို့ယုံကြည်ကြသည် (ဟေရှာယ ၇း၁၄၊ မဿဲ ၁း၁၈၊ လု ၁း၃၁-၃၅)။

(၅) ယေရှုသည် လူ့ဇာတိကိုခံယူလျက် အပြစ်သားများအတွက် အသေခံပြီး သုံးရက်မြောက်သောနေ့၌ တစ်ဖန် ထမြောက်ခဲ့သော ဘုရားသခင်၏သားတော်ဖြစ်သည်။ (မ ၁၆း၁၆၊ ယော ၉း၃၅၊ ယော ၁း၁၄၊ ၁ကော ၁၅:၃၊ ၁၂)။

(၆) အာဒံ၏ပြစ်မှားခြင်းကြောင့် ကျွန်ုပ်တို့အားလုံးသည် သေထိုက်သော အပြစ်သားများဖြစ်ကြသည်။ (ရောမ ၃:၂၃; ၅:၁၂; ၆:၂၃)။

(၇) ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်တော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ကြောင်း ကျွန်ပ်တို့ယုံကြည်သည်။ (ဧဖက် ၂း၈-၉)။

(၈) ထာဝရအသက် (ကယ်တင်ခြင်း)သည် ထာ၀ရတည်မြဲသည်။ (ဧ၊၁း၁၃၊ ဧ၊ ၄း၃၀ )

(၉) ခရစ်တော်သည် အသင်းတော်(မိမိ၏သန့်ရှင်းသူများ)ကို သိမ်းဆည်းရန် တဖန်ပြန် ပြန်ကြွလာမည်ဟု မျှော်လင့်ရပါသည်။ ၁သက်၊၄း၁၇

(၁၀) ခရစ်တော်သည် ဘုရင်တို့၏ဘုရင်၊အရှင်တကာတို့၏အရှင်အဖြစ် မြေကြီး ပေါ်သို့ ဒုတိယအကြိမ်ပြန်ကြွလာပြီး တရားစီရင်မည်။

(၁၁) သခင်ဘုရား၏ညစာသည် (ပွဲတော်မင်္ဂလာ) စစ်မှန်သောယုံကြည်သူများအတွက်သာဖြစ်သည် (၁ကော ၁၁း၂၃-၂၉)။

(၁၂) အသင်းတော်ကို သင်းအုပ်ကဦးဆောင်ပြီး အသင်းတော်လူကြီးများတို့နှင့်အတူ အမှု့ခပ်သိမ်းကို ဆွေးနွေးနှီးနှောကြသည်။ဘုရားသခင်၏ အုပ်စိုးမှုကို အစဉ်နာခံကြသည်။

(၁၃) အသင်းတော်သည် ယေရှုခရစ်၏ ကိုယ်ခန္ဓာဖြစ်သည့် စစ်မှန်သော ယုံကြည်သူများ အုပ်စုဖြစ်သည်။ ( ဧ၊ ၁း၂၂-၂၃ ၊ ၁တိ၊ ၃း၁၄-၁၅။

(၁၄) ခရစ်တော်၌ အိပ်ပျော်သော(သေလွန်သော)သူရှိသမျှတို့သည် ထာဝရဘုန်း ဝင်စားခြင်းအဖို့အလို့ငှါ ခရစ်တော်၏တံပိုးမှုတ်သံ ကိုကြားရကြသောအခါ သန့်ရှင်းသော ခန္စာကိုယ်နှင့်အတူထမြောက်၍ အသက်ရှင်လျက် ကျန်ကြွင်း သောသူတို့နှင့်အတူ အာကာသကောင်းကင်တွင် တွေ့ဆုံခြင်းငှါ ထမြောက် ကြလိမ့် မည်။ ၁ကော ၁၅း၅၀-၅၅

(၁၅) ယုံကြည်သူများအတွက် ခရစ်တော်၏ တရားပလ္လင် (၂ကော ၅း၁၀၊ ရောမ ၁၄း၁၀) နှင့် ပလ္လင်ဖြူဟုခေါ်သော မယုံကြည်သူများကို တရားစီရင်ခြင်းဖြစ်သည်။ (ဗျာ ၂၀း၁၁-၁၃)။

(၁၆) ယုံကြည်သူများ၏ ထိမ်းမြားလက်ထပ်ခြင်းတွင် ယောက်ျားနှင့်မိန်းမသာ ပေါင်းဖော်လက်ထပ်ထိမ်းမြှားခွင့်ရှိသည်ဟု ယုံကြည်ကြသည်။ (ကမ္ဘာ 2:21-24; မဿဲ 19:5; မာကု 10:7; ဧဖက် 5:31)။

(၁၇) ယုံကြည်သူတိုင်းသည် သန့်ရှင်းစွာ အသက်ရှင်ခြင်းဖြင့် ဘုရားသခင်၏ဘုန်း တော်ကို ထင်ရှားစေလျက် သခင်ယေရှုခရစ်တော် ၏ဧဝံဂေလိ ကယ်တင် ခြင်း သတင်းကောင်းကို ဟောပြောသွန်သင်ရမည်မှာ ဘုရားသခင်၏အလို တော် ဖြစ်သည်။

(၁၈) လူ့ဘ၀သည် သန္ဓေတည်ချိန်မှ ၎င်း၏သဘာဝအဆုံးတိုင်အောင် မြင့်မြတ်သည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။ ( ဆာ၊ ၁၃၉း၁၃ ၊ ဟေရှာ၊ ၅၉း၁ ၊ ယေရမိ၊ ၁း၅ /။

(၁၉) ဘုရားသခင်သည် လူတစ်ဦးစီအား ( ယောက်ျား သို့မဟုတ် အမျိုးသမီးတစ်ဦး) စီကိုဖန်ဆင်းခြင်းမှာ အံ့သြဖွယ်ကောင်းပြီး မပြောင်းလဲနိုင်ဟု ကျွန်ုပ်တို့ယုံကြည်သည်။ လူတစ်ဦး၏ သဘာ၀ဖြစ်တည်ခြင်းကို ငြင်းပယ်ခြင်းသည် ဘုရားသခင်၏ ဒီဇိုင်းနှင့် ဖန်ဆင်းမှု့အစီအစဥ်ကို ငြင်းပယ်ခြင်းဖြစ်သည်။ ကမ္ဘာဦး ၁:၂၆-၂၇; မာ ၁၀:၆; ၁ ကော၆:၉; တရားဟောရာ ၂၂:၅။

IMG_7023.JPG
bottom of page